Panyar Online Learning Portal

Panyar.com (edu)

Panyar.com - Myanmar E-Learning Platform

null

သင်ပြဆရာများ

အနယ်နယ်မှ စာသင်ပြဆရာများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ အွန်လိုင်းသင်ပြဆရာများ စသည့်သူများကို သင်ပြဆရာများ ဟုဆိုလိုပါသည်။
null

သင်ယူသူများ

အနယ်နယ်မှ သက်မွေး၊ ပရောဖက်ရှင်နယ်တခုခုလိုက်စားလိုသူများ၊ အတန်းပညာအကူလိုသူများ၊ အလုပ်ရှာလိုသူများ၊ ပညာရှာလိုသူများ စသည့်သူများကို သင်ယူသူများ ဟုဆိုလိုပါသည်။

မြန်မာတို့၏ ပညာရေးရပ်ဝန်းကြီး ပညာဒေါ့ကွန်းကို အများအကျိုးပြုပညာရေးလုပ်ဆောင်ချက်များ ပြုလုပ်နိုင်ရန် အိုင်တီအမ် (Info Tech Myanmar) နည်းပညာမှ 2018 ခုနှစ်တွင် ဦးစီးတည်ထောင်ပါသည်။

ပညာသင်ပြဆရာ နှင့် ပညာသင်ယူသူများကို ချိတ်ဆက်ပေး၍ နည်းပညာ၊ သက်မွေးပညာ၊ ပရော်ဖက်ရှင်နယ်ပညာရပ်များ စသည်တို့ကို အွန်လိုင်းမှပင် “သင်ပြနိုင်ရန်”၊ “သင်ယူနိုင်ရန်” အတွက် အထူးပြုလုပ်ထားသော ပညာရေးပေါ်တယ်ကြီး (PANYAR.COM Education Portal) ဖြစ်ပါသည်။

အချုပ်ဆိုသော် ပညာရေးအတွက်သာဖြစ်သော ပညာဒေါ့ကွန်းသည် တိုင်းရင်းသားမိဘပြည်သူများ၏ ပညာရှာရာ၊ ပညာသင်ပြရာ၊ ပညာဝေမျှရာ၊ ပညာရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရာ “မြန်မာတို့၏ ပညာရေးရပ်ဝန်းကြီး ပညာဒေါ့ကွန်း” ဖြစ်ပါသည်။



မှတ်ချက်။ ။ www.panyar.com သည် တည်ဆောက်ဆဲဖြစ်၍ အသေးစိတ်အချက်အလက်များကို ကြည့်ရှုနိုင်ရန် guide.panyar.com ကို ဖွင့်ထားပါသည်။