Retail POS

လက်လီအရောင်းဆိုင်သုံးကွန်ပျူတာစနစ်

အိုင်တီမြန်မာမှ ဝန်ဆောင်မှုပေးသော အရောင်းဆိုင်သုံးကွန်ပျူတာ POS စနစ်တွင် အရောင်းပြုလုပ်ရန် အရောင်းကောင်တာကိုသာမက၊ ကုန်ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန် Stock Management စနစ်ကိုလည်း ထည့်သွင်းပေးထားပါသည်။

သို့ဖြစ်၍ အရောင်းလုပ်ငန်းတစ်ခုလုံးကို စနစ်တခုတည်းပေါ်တွင် ပြုလုပ်နိုင်၍ အရောင်းလုပ်ဆောင်ချက်များကို လွယ်ကူ၊ လျှင်မြန်၊ ထိရောက်စွာ စီမံလုပ်ကိုင်နိုင်ပါသည်။

လက်လီအရောင်းဆိုင်သုံးကွန်ပျူတာစနစ်တွင် အဖွဲ့ ၄ ဖွဲ့ခွဲခြားထားပါသည်။

Simple POS

စားသောက်ကုန်ပစ္စည်းဆိုင်, လူသုံးကုန်ပစ္စည်းဆိုင်, လက်လီအရောင်းဆိုင်

Period POS

ဆေးဆိုင်, မုန့်တိုက်

Service Plus POS

အလှပြင်ဆိုင်, အဲကွန်းဆားဗစ်

Attribute POS

အဝတ်အထည်ဆိုင်, ဖိနပ်၊ အိတ်ဆိုင်

InfoTech POS ဝန်ဆောင်မှုပုံစံ

Experience The Perfection Of The POS System - ITM POS
ဝန်ဆောင်မှုပုံစံ(၁)

လူကြီးမင်း၏ လုပ်ငန်းအောင်မြင်မှုအတွက် အိုင်တီမြန်မာ၏ ဝန်ဆောင်မှုများကို အသုံးပြုရ လွယ်ကူမှု၊ လုံခြုံမှု၊ လျှင်မြန်မှုများ ရှိစေရန် ဝန်ဆောင်မှုများကို Subscription Basic ဖြင့်လည်း ဝန်ဆောင်မှုပေးပါသည်။

Subscription Basic ကိုမှာယူထားလျှင် (မည်သည့်အကြိုသဘောတူထားမှုမှ မရှိလျှင်) ပုံမှန်အားဖြင့် အောက်ပါ အထူးအာမခံချက်များကို ရရှိပါမည်။

အဆိုပါအထူးအာမခံချက်များမှာ−

  1. ဆာဗာပြုပြင်ထိန်းသိမ်းမှု၊
  2. အချက်အလက်ထိန်းသိမ်းမှု၊ (* အနည်းဆုံး တပတ်အတွင်းအချက်အလက်များကို ထိန်းသိမ်းပေးထားပါမည်။)
  3. စနစ်ပြုပြင်ထိန်းသိမ်းမှု များကို ရရှိပါမည်။
ဝန်ဆောင်မှုပုံစံ(၂)

အထူးတောင်းဆိုမှုအဖြစ် ဆာဗာကို လူကြီးမင်း၏ အလုပ်နေရာ၊ ရုံးတွင် တိုက်ရိုက်ထိုင်ပေးသော Local Hosted Server (LHS Solution) ဖြင့်လည်း ဝန်ဆောင်မှုပေးပါသည်။

LHS Solution ကို အသုံးပြုထားလျှင် ဆာဗာ၊ စနစ်များသည် လူကြီးမင်း၏ ရုံး၊ အလုပ်နေရာတွင် တည်ရှိနေမည်ဖြစ်၍ (မည်သည့်အကြိုသဘောတူထားမှုမှ မရှိလျှင်) ပြုပြင်ထိန်းသိမ်းမှုများကို လူကြီးမင်းဘက်မှ တာဝန်ယူရမှာ ဖြစ်ပါသည်။

ITM POS is Your
trusted Partner.

မိမိတို့အိုင်တီမြန်မာတွင် နယ်ပယ်အသီးသီးတွင် လုပ်ငန်းအတွေ့အကြုံများစွာရှိထားသော တတ်သိပညာရှင်များ၊ ကွန်ပျူတာပညာရှင်များစွာမှ လူကြီးမင်း၏ လုပ်ငန်းသုံးအိုင်တီနည်းပညာ လိုအပ်ချက်များကို အပြည့်အဝ အကြံဉာဏ်ပေး၍ ဝန်ဆောင်မှုပေးပါသည်။ မိမိဖောက်သည်၏ အကျိုးစီးပွားကို ရှေးရှု၍၊ နှစ်ဦးနှစ်ဘက်၏ ရေရှည်ဆက်ဆံရေးကို အထူးအလေးထား၍ ဝန်ဆောင်မှုပေးပါသည်။