InfoTech အိုင်တီမြန်မာ
သင့် စီးပွားရေးလုပ်ငန်းများအတွက် အိုင်တီနည်းပညာမိတ်ဆွေ အိုင်တီမြန်မာ
သင့် စီးပွားရေးလုပ်ငန်းများအတွက် အိုင်တီနည်းပညာမိတ်ဆွေ အိုင်တီမြန်မာသည် စီးပွားရေးလုပ်ငန်းအမျိုးမျိုးတို့အတွက် အိုင်တီနည်းပညာ ဝန်ဆောင်မှုများ ပေးပါသည်။
လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းအမျိုးမျိုးတို့အတွက် ယနေ့အခက်အခဲအမျိုးမျိုးတို့ကို နည်းပညာအသုံးပြု၍ ကျော်လွှားနိုင်ရန်၊ နှင့် လာမည့်အခွင့်အလမ်းအမျိုးမျိုးတို့ကို နည်းပညာအကူအညီဖြင့် ရယူနိုင်ရန် တို့အတွက် အိုင်တီမြန်မာသည် ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
အိုင်တီမြန်မာ၏ ဆောင်ပုဒ်သည် “သင့် စီးပွားရေးလုပ်ငန်းများအတွက် အိုင်တီနည်းပညာမိတ်ဆွေ” ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများကို နည်းပညာဝန်ဆောင်မှုပေးရာတွင် ၁) နိုင်ငံတကာအဆင့်မှီ ဝဘ်ဆိုဒ်ရေးဆွဲပေးခြင်း၊ ၂) လုပ်ငန်းသုံးဆော့ဖ်ဝဲများ ဝန်ဆောင်မှုပေးခြင်း၊ အင်တာနက်ကြော်ငြာ ဝန်ဆောင်မှုပေးခြင်း၊ နှင့် ရုံးသုံးအိုင်တီဝန်ဆောင်မှုပေးခြင်းတို့ ပါဝင်ပါသည်။
အိုင်တီမြန်မာကို နည်းပညာအလုပ်ကို နှစ်သက်သော မြန်မာလူငယ်များက ၂၀၁၆ ခုနှစ်တွင် ဂုဏ်ယူစွာဖြင့် ဖွဲ့စည်းထူထောင်ထားပါသည်။ ရုံးနေရာသည် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းတွင် တည်ရှိပါသည်။
Message From Top Management
တည်ထောင်သူမက်ဆေ့ချ်
ကျွန်ုပ်တို့၏ အိုင်တီမြန်မာဝဘ်ဆိုဒ်ကို လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီ ဝဘ်ဆိုဒ်စာမျက်နှာများကို လှည့်လည်ကြည့်ရှုပြီး ကျွန်ုပ်တို့၏ နည်းပညာဝန်ဆောင်မှုများ အကြောင်း၊ အွန်လိုင်းပလက်ဖောင်းများအကြောင်း၊ နှင့် မိမိအိုင်တီမြန်မာအကြောင်းကို ရှာဖွေလေ့လာနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

ရုံးနေရာသည် ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းတွင်တည်ရှိ၍၊ ၂၀၁၆ တွင် ထူထောင်ခဲ့ပါသည်။ အိုင်တီမြန်မာတွင် စိတ်တူကိုယ်တူဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့/နေသော လုပ်ဖော်ကိုင်ဖက်များ၊ လုပ်ငန်းမိတ်ဖက်များ၊ နှင့် တဖက်တလမ်းမှ အားပေးကူညီခဲ့သော မိဘ၊ ဆွေမျိုးများ၊ မိတ်ဆွေများကို ဒီနေရာကနေ ကျေးဇူးတင်မိပါသည်။ ယခု ၂၀၁၉ ခုနှစ်ဆိုလျှင် အိုင်တီမြန်မာ၏ သက်တမ်းသည် ၃ နှစ်ကျော်ထဲကို ရောက်ရှိနေပြီဖြစ်ပါသည်။
အလုပ်ပြီးမြောက်မှုများအဖြစ် နည်းပညာဝန်ဆောင်မှုအပိုင်းတွင် စီးပွားရေးလုပ်ငန်းအနည်းငယ်ကို နည်းပညာဝန်ဆောင်မှုများ ပေးအပ်နိုင်ခဲ့ပါသည်။ အွန်လိုင်းပလက်ဖောင်ဝန်ဆောင်မှု အပိုင်းတွင်လည်း ကျွန်ုပ်တို့သည် အလွန်ကောင်းမွန်သော နေရာမှ ရပ်တည်နေနိုင်ပါပြီ။ ထို့အတွက် ကျွန်ုပ်တို့သည် အိုင်တီမြန်မာ၏အဖွဲ့ဝင်များနှင့် အတူတကွ လုပ်ကိုင်ဆောင်ရွက်ခဲ့ရသည်ကို ဂုဏ်ယူမိပါသည်။
ယနေ့ခေတ် နည်းပညာဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခု အတွက် စိန်ခေါ်မှုများစွာ ရှိနေသလို၊ အခွင့်အလမ်းများစွာလည်းရှိနေပါသည်။ ကျွန်ုပ်တို့ အိုင်တီမြန်မာ၏ အဖွဲ့ဝင်များသည် အလုပ်အပေါ်တွင်အကြွင်းမဲ့ယုံကြည်မှု၊ ကိုယ်အလုပ်တာဝန်ကိုကျွမ်းကျင်ပိုင်နိုင်မှု၊ အချင်းချင်းအပြန်အလှန်လေးစားမှု၊ နှင့် ပျော်ရွှင်စွာပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တစ်နေ့တာလုပ်ငန်းဆောင်တာများကို ပျော်ရွှင်စွာ လုပ်ကိုင်ဆောင်ရွက်ပါသည်။
အနာဂတ်တွင် ပြောင်းလဲလာမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် ပြောင်းလဲလာမည့် နည်းပညာသည် ကျွန်ုပ်တို့အားလုံး တွေ့ကြုံဖြတ်သန်းရမည့်အခြေအနေများဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် အဆိုပါ အခြေအနေများမှ ဖြစ်ပေါ်လာသော စိန်ခေါ်မှုအသစ်များ နှင့် အခွင့်အလမ်းအသစ်များကို အကောင်းဆုံး ပြင်ဆင်ထားရမည်ဟု နားလည်ထားပါသည်။
အိုင်တီမြန်မာ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရန်အတွက် တိကျသော လုပ်ငန်းအစီအစဉ်များထားရှိပါသည်။ စားသုံးသူကို နားလည်ပေးမှု၊ နည်းပညာအပေါ်တွင် စိတ်အားထက်သန်မှု၊ နှင့် ခိုင်မာသော အလုပ်ကျင့်ဝတ်များသည်လည်း ကျွန်ုပ်တို့လိုက်နာရသော အခြေခံမူဝါဒများ ဖြစ်ပါသည်။ ကျွန်ုပ်တို့ နှင့် အိုင်တီမြန်မာအဖွဲ့သားများသည် နည်းပညာအလုပ်များကို လုပ်ကိုင်ဆောင်ရွက်၍ မိမိတို့အားထားရာ အိုင်တီမြန်မာ၏ ရည်မှန်းချက်များကို ပျော်ရွှင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် အဆင်သင့်ရှိပါသည်။
ITM Mission, Vision & Values
အိုင်တီမြန်မာ(ITM) ၏ ရည်ရွယ်ချက်များမှာ

- ၁) အိုင်တီမြန်မာသည် စားသုံးသူများ၊ လုပ်ငန်းမိတ်ဖက်များအတွက် နည်းပညာအလုပ်အမျိုးမျိုးတို့ကို ဝန်ဆောင်မှုပေးနေသော “ယုံကြည်ရသော နည်းပညာကုမ္ပဏီ” အဖြစ် ရပ်တည်ရန်၊
- ၂) အိုင်တီမြန်မာသည် ပါဝင်လုပ်ကိုင်ကြသူများအတွက် အကောင်းဆုံး အခွင့်အလမ်းများ ပေးအပ်နိုင်သော၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်နိုင်သော “မျှတသော အလုပ်နေရာကောင်း” ဖြစ်ရန်၊ နှင့်
- ၃) အိုင်တီမြန်မာသည် နည်းပညာ၏ အကျိုးကျေးဇူးများကို ဖော်ဆောင်၍ အများအကျိုးပြုအလုပ်များကို သယ်ပိုးဆောင်ရွက်နိုင်သော “မြန်မာတို့၏ နည်းပညာရပ်ဝန်းကြီး” ဖြစ်ရန် ဟူ၍ ရည်မှန်းချက် ၃ ရပ်ထားရှိပါသည်။
ITM Guru Team

Zaw Zaw
Youtube Multi Downloader is always free

Aung Aung
Youtube Multi Downloader is always free

Maung Maung
Youtube Multi Downloader is always free
